စနေစကားဝိုင်း 16 Nov 24

အခုဒီစနေစကားဝိုင်းကလေးကတော့ကျွန်တော်တို့သူငယ်ချင်းတွေစင်ကာပူမှာအပတ်စဉ်ညဖက်မှာဆုံတွေ့ကြပြီးအလုပ်ကိတ်စနိုင်ငံရေးစီးပွါးရေးအဆုံးသတင်းနဲ့ကြုံတွေ့ခဲ့ရတာတွေမျှဝေနေတဲ့နေရာလေးဖြစ်ပါတယ်အများစုကတော့သင်းဘောနဲ့ပက်သက်တဲ့အလုပ်အကိုင်လုပ်နေတဲ့သူတွေများပြီးအသက်အပိုင်းမှာလဲငါးဆယ်ကျော်ပေမဲ့မအိုသေးတဲ့သူတွေပါမယုံရင်လာကြည့်လို့ရပါတယ်ဒီတော့ဒီစကားဝိုင်းလေးထဲမှာအများအတွက်အကျိုးရှိတာလေးတွေ တွေ့လာတဲ့အခါ အခါအားလျှော်စွာဒီ group ထဲမှာတင်သွားပေးမှာပါ
ကဲဒီတပါတ်မှာပြောဖြစ်တာကတော့ ချမ်းသာနေတဲ့စင်ကာပူအစိုးရကိုပေးရတဲ့ income tax ကိုဘယ်လိုတရားဝင်လျှော့ပေးလို့ရအောင်လုပ်မလဲ ဆိုတာဆွေးနွေးဖြစ်ပါတယ် ကျွန်တော်အရင်တုန်းကအင်ဂျင်နီယာလုပ်ခဲ့တုန်းကအခုလိုမသိခဲ့လို့စလုံးအစိုးရကိုပေးခဲ့ရတာမနည်းပါဘူး NUS မှာကျောင်းဆက်တက်ပြီး အခု လို registered Financial professionals ဖြစ်တော့မှသိလာခဲ့လို့ knowledge sharing လုပ်တာပါ အထူးသဖြင့်လစာကောင်းကောင်းရတဲ့သူတွေကပိုပြီးတော့ပေးရတာသက်သာပါတယ်ဘာဖြစ်လို့လဲဆိုတော့လစာများလာလေ ပေးရတဲ့ရာခိုင်နှုန်းကပိုမြင့်လာလို့ပါ
လုပ်ရမဲ့နည်းကတော့ ခင်ဗျားဟာစလုံးသိုမဟုတ် PR ဆိုရင် ကိုယ်ရဲ့ retirement or special accounts နဲ့ကိုယ်မိသားစုဝင်တွေရဲ့ account ထဲကို $16000 အထိထည့်လိုရပါတယ် ပြီးရင် SRS accounts ထဲကို$15300အထိထည့်လိုက်မယ်ဆိုရင် အဲဒီနှစ်ခုပေါင်း $31300 အတွက်အခွန်ပေးစရာမလိုတော့လို့ ကိုယ်ကတနှစ်ကိုကိုယ်ဝင်တဲ့ဝင်ငွေပေါ်မူတည်ပြီးတော့အခွန်ပေးရမှာပါအောက်မှာ ငါးသောင်းတသိန်းနဲ့တသိန်းခွဲအထိစလုံးအစိုးရကိုပေးရမဲပိုက်ဆံတွေတွက်ပေးထားပါတယ်။ ခင်ဗျားကနိုင်ငံခြားသားဆိုရင် $35000 အထိ SRS account ထဲထည့်လိုက်ရင် အဲဒီအတွက်အခွန်သက်သာသွားမှာပါ။
Work out the tax rate for $50 k, $100k and $150 k
Incomes tax for $50,000 yearly income = 200+350+700= $ 1250
Incomes tax for $100,000 yearly income = 200+350+2800+2300= $ 5650
Incomes tax for $150,000 yearly income = 200+350+2800+4600+4500= $ 12450
ဒီတော့ခင်ဗျားကတနှစ်ကိုတသိန်းဝင်ငွေရှိခဲ့ရင်ပေးရမှာက $5650 အခွန်ပေးရမှာပါ ဆိုတော့ တကယ်လို့ retirement နဲ့ SRS accounts ထဲကို $31300 ကိုထည့်လိုက်ရင် ထည့်လိုက်တဲ့ ဟာအတွက်အခွန် $3091 သက်သာသွားမှာပါ ဒီပိုက်ဆံကဆင်းရဲတဲ့ကျွန်တော်တိုမြန်မာပြည်ကိုပြန်ပြီးအကျိုးပြုနိုင်ရင် ဆင်းရဲသားတွေကိုအများကြီးကူညီပေးနိုင်မှာပါ လက်ရှိငွေစျေးနဲ့တွက်ရင်သိန်းတရာကျော်လောက်ရှိပါတယ်။ ဝင်ငွေငါးသောင်းဝင်တဲ့သူကတော့အခွန်လုံးဝပေးစရာမလိုတော့ပါဘူး $1250 သက်သာသွားမှာပါ တနှစ်တသိန်းခွဲဝင်တဲ့သူတွေကတော့ အခွန် $4650 သက်သာသွားမှာပါ ဆိုတော့ ခင်ဗျားတို့ချမ်းသာတဲ့နိုင်ငံကိုအကျိုးပြုမလားဆင်းရဲတဲ့ကိုယ်နိုင်ငံကိုကူညီမလား ကျွန်တော်ကိုယ်တိုင်လဲသစ်ပင်တွေပြန်စိုက်ပြီးသစ်တောတွေဖောင်ကြီးနားမှပြန်တည်ပေးနေပါတယ် ဧကရာချီနေပါပြီ နွေရောက်ရင်အရမ်းပူတာနဲ့ ပဲခူးကဆင်းရဲသားအမေကြီးတွေရေကြီးရေမြှုမ်နေတာမြင်ရတာစိတ်မကောင်းလို့ပါ ခင်ဗျားတို့လဲအခုလိုသက်သာသွားမဲ့ပိုက်ဆံနဲ့ဆင်းရဲသားတွေကိုကူညီနိုင်မယ်လို့မြှော်လင့်ပါတယ်
အခုလိုလုပ်နိုင်ခဲ့ရင် အခွန်သက်သာသွားတဲ့အပြင် ကိုယ်ပြန်ရတဲ့အတိုးနှုန်းကလဲ retirement account က 4% ဆိုတော့ ဘဏ်မှာ saving account 0.05% ထက် 79 ဆပိုရပါတယ် ဒါပေမဲ့ SRS account ထဲကပိုက်ဆံ တော့ ဘဏ်ကsaving account လိုဘဲ 0.05%ဘဲရပါတယ် ဒါပေမဲ့သူကို ပြန်ပြီးတော့ 5~14%လောက်ရနိုင်တဲ့ရင်နှီးမြှုမ်နှံမှုတွေမှာလုပ်လို့ရပါတယ်ဆိုတော့ စောစော retirement လုပ်လို့ရမှာပါ နောင်ရေးအတွက်လဲစိတ်အေးရတာပေါ့ ကိုယ်ကအခုလိုမသိတော့ ကိုယ်ပိုက်ဆံတွေကိုဘဏ်တွေကအသုံးချပြီးသူတို့ဘဲချမ်းသာသွားတာပေါ့ဗျာ ခင်ဗျားတို့တလကိုငါးထောင်အထက်ဝင်ပြီးရှေ့ရေးစိတ်အေးအောင်ဘယ်လိုလုပ်ရမလဲ အသက်ကြီးတဲ့အထိလဲအလုပ်တွေမလုပ်ချင်ဘူး retirement စောစောသွားချင်တယ်ဆိုရင်တတ်နိုင်သလောက်တော.အကြံပေးလို့ရပါတယ်။ နောက် post မှာတော့ ကျွန်တော်တို့ company ကသုံးတဲ့ software ကိုသုံးပြီးသူငယ်ချင်းတွေဘယ်အချိန်မှာအနားယူလို့ရမလဲဆိုတာလေးတွေကိုမျှဝေပေးဖို့ရည်ရွယ်ထားပါတယ်။ ဒီနေ့တော့ဒီလောက်ပါဘဲ။

Important: The information and opinions in this article are for general information purposes only. They should not be relied on as professional financial advice. Readers should seek unbiased financial advice that is customised to their specific financial objectives, situations & needs. This advertisement or publication has not been reviewed by the Monetary Authority of Singapore.

Published By:

Miki Ray

With over 25 years of multinational experience, I specialize in providing expert financial consulting services tailored to individual and business needs. I hold a bachelor’s degree from the Rangoon Institute of Technology and a master’s in business from the National University of Singapore. Leveraging a strong analytical foundation, I deliver strategic insights to drive smart investment decisions and sustainable financial growth. My expertise spans portfolio management, risk assessment, and long-term financial planning. Whether navigating market complexities or optimizing financial strategies, I am committed to helping clients achieve their financial goals with confidence and a results-driven approach.

CONTACT US