စနေစကားဝိုင်း MK 24 Nov 2024

စနေစကားဝိုင်း MK 24 Nov 2024 (part 1)
ဒီတပါတ်ကတော့ပြီးခဲ့တဲအပတ်ကအဆက်ဖြစ်တဲ့ income tax saving အတွက် retirement account ထဲထည့်တဲ့ ပိုက်ဆံ တွေကရတဲ့ အတိုးက 4% ရပြီးအပြင်က ဘဏ်မှာ DBD bank saving account ကရတဲ့ 0.05% နဲ့ fix deposit အရင်က 3.2% ရတယ်ဆိုတာ‌ တွေဆွေးနွေးဖြစ်ပါတယ်
Fix deposit ကတော့ အကျပိုင်းကိုသွားနေတာအခုတော့ တဖြေးဖြေးဆက်ကျဖို့ရှိနေတယ်ဆိုတဲ့အကြောင်း တွေ‌‌ ကြောင့်လောလောဆယ် fix deposit ထားမယ်ဆိုရင်တော့ အရင်လိုအတိုးမျိုးမရတော့ဘဲ 2.5% ဘဲရတော့မယ်လို့ စကားဝိုင်းထဲမှာပြောကြပါတယ်
ဒါကြောင့်မို့လို့ ကွာဟချက်တွေကိုတွက်ကြည့်လိုက်တော့ fix deposit ထားမယ်ဆိုရင် 2.5%နဲ့ retirement account မှာထားရင် 4% တို့ရဲ့ကွာချားမှုက 4-2.5=1.5/2.5=0.6 ဆိုတော့ retirement account မှာထားတာက 0.6 ဆပိုရပြီးတော့ saving account မှာထားတာနနဲ့တွက်မယ်ဆိုရင် တော့ 0.05% ဘဲရတဲ့အတွက် 4-0.05=3.95/0.05= 79 ဆ ပိုရမှာပါဆိုတော့ ခင်ဗျားတိုကsaving account မှာဘဲပိုက်ဆံ‌‌ တွေကိုထားရင်‌ တော့79ဆနစ်နာသွားမှာပါ ဒါကြောင့်ဘဏ်တွေကခင်ဗျားတို့ကိုသူတို့ကတကျပ်ပေးပြီးအမြတ်79ကျပ်ယူသွားတာခံလိုက်ရတာပေါ့ဗျာ
ဒါကြောင့်လဲစင်ကာပူကဘဏ်တွေချမ်းသာနေတာဟာအမှန်တော့ခင်ဗျားတိုရဲ့ပိုက်ဆံတွေကြောင့်ပါ အခုလို financial knowledge တွေမသိကြတော့ ဘဏ်တွေကိုလုပ်ကြွေးနေသလိုပါဘဲ ဒါကြောင့်ကျွန်တော်အတတ်နိုင်ဆုံးအခုလိုအများအတွက်အကျိုးရှိတာလေးတွေကိုမျှဝေပေးခြင်းဖြင့်မိမိမှာဝင်ငွေတွေတိုးလာရင်ကျွန်တော်တို့နိုင်ငံရဲ့ဆင်းရဲသားတွေကိုအခုထက်ပိုပြီးကူညီနိုင်လိမ့်မယ်လို့မြှော်လင့်ပါတယ်
ဟုတ်ပြီဒီတော့အခုလိုမနစ်နာဘဲဝင်ငွေတိုးအောင် အဖြေကဘာလဲ ?
အမြန်ဆုံးလူပိန်းနည်းကတော့ ပိုက်ဆံအရေးတကြီးမလိုရင် fix deposit ထားလိုက်ပါ သူက တော့ 0.6 ဆဘဲနစ်နာတာဟာ 79 ဆနစ်နာတာထက်တော့တော်ပါသေးတယ်ပြောရမှာဘဲ
နောက်ကျွန်တော်တိုတွေ‌ တွေ့ထားတာကတော့ တနှစ်ကို 14% လောက်တိုးတဲ့ fund ပါ သူက saving account မှာထားတာထက်အဆပေါင်း 14÷0.05=280 ဆိုတော့ 279 ဆပိုရနိုင်ပြီး fix deposit ထက်တော့ 14÷2.5=5.6 ဆိုတော့ 4.6 ဆပိုရနိုင်ပါတယ်
သိသာအောင်ဥပမာပြရရင်တော့ ခင်ဗျားမှာ ပိုက်ဆံတသိန်းရှိလို့ Bank savings account မှာထားရင် တနှစ်အတိုး $50ရမယ် fix deposit မှာဆိုရင် $2500 ရမယ် retirement account မှာဆိုရင် $4000 ရမယ် ကျွန်တော်တို့ရှာတွေ့ထာတဲ့ fund မှာထားရင် $14000 လောက်ရနိုင်ပါတယ် ဆိုတော့ အနဲဆုံးနဲ့အများဆုံးရဲ့ကွာဟချက်ကိုကြည့်လိုက်ရင် အဆပေါင်း 280ဆရှိပါတယ် ဆိုတော့ မိမိရဲ့မသိမှုက ကိုယ်အတွက်ဘယ်လောက်နစ်နာသွားလဲဆိုတာလေးတွေသိသွားအောင်မျှဝေပေးတာပါ
14%လောက်ရတဲ့ fund နဲ့ ဝင်ငွေပိုရအောင်ဘယ်လိုလုပ်ရသလဲသိချင်ရင်တော့ ရေဘေးကင်းဝေးပြီးကုသိုလ်ရအောင်သစ်ပင်အပင်တရာဝိုင်းစိုက်ပေးမယ်ဆိုရင်ပြောပြပါမယ် အခုဆိုရင် ခင်ဗျားတို့ရဲ SRS account ထဲကပိုက်ဆံက တနှစ်အတိုးနှုန်းက saving account အတိုးနှုန်းအတိုင်းဘဲရပါတယ်ဒါကြောင့်အဲဒီငွေတွေကို 14% ရတဲ့ fund မှာထားရင် အတိုးအဆပေါင်း 279 ဆပိုရမှာပါ နောက်ဆုံးတော့လဲသိသူဖော်စားမသိသူကျော်သွားပါဘဲဗျာ။ ဒီတပါတ်တော့ဒီလောက်ပါဘဲ။
စနေစကားဝိုင်း MK 24 Nov 2024 (part 2)
မနေ့ကကျွန်တော်တင်ခဲ့တဲ့ စနေစကားဝိုင်း MK 24 Nov 2024 နဲ့ပါတ်သက်ပြီး လက်ခံရရှိတဲ့ comments နဲ့ question တွေကို ပိုပြီးရှင်းလင်းအောင် ထပ်ပြီးနောက်ဆက်တွဲအနေနဲ့မျှဝေထားပါတယ်
Comment no1 ကတော့ကျွန်တော်တို့ရဲ့ senior ကြီးကိုအောင်ဇော်ကြီးဆီကပါသူcomment ကတော့
ရတာက risk ပေါ် အများကြီးမူတည်တယ်။ အချိန်မရွေးငွေထုတ်ခွင့်ဆုံးရှုံးသွားတာတွေ၊ အဓိကက တော့ ကိုယ်ငွေကိုယ်ကစားတတ်ဖို့ လိုတာပါဘဲ။
ကိုအောင်ဇော်ရဲ့comments တွေကို ကျွန်တော်တခုဆီတတ်နိုင်သလောက်အောက်မှာ points to point ထပ်ဖြည့်ပေးထားပါတယ်
1. Risk ကတော့ high return လိုချင် high risk ယူရပါတယ် low risk ဘဲယူနိုင်မယ်ဆိုရင်တော့ fix deposit ဘဲထားပါ 2.5~3.2% ဘဲရမှာပါ။
ယေဘူရအားဖြင့် high return 14% ကိုလဲလိုချင်တယ် high risk လဲမဖြစ်အောင် ကိုယ်က fund ရဲ့ financial performance ကိုသေချာ analysis လုပ်ရပါတယ် fund တွေက ရာနဲ့ချီပြီးရှိပါတယ် အဲဒါတွေထဲကအကောင်းဆုံးကိုရွေးနိုင်ရင် low risk နဲ့ high return ရနိုင်ပါတယ် ဘယ်လိုလုပ်ရလဲသိချင်ရင် မြန်မာပြည်မှာသစ်ပင်တရာဝိုင်းစိုက်
2. ငွေထုတ်ခွင့် ဆုံးရှုံးတာကတော့ ကိုယ်ထားတဲ့ fund ရဲ့ Term and condition ပေါ်မှာမူတည်ပါတယ် တချို့ fund တွေကဒီနေ့ထည့်မနက်ဖြန်ပြန်ထုတ်လို့ရတဲ့ fund တွေလဲအများကြီးပါ သူကfix deposit လို မဟုတ်ပါဘူး ဒါပေမဲ့ investment ရဲ့သဘောတရားအရရေရှည်ထားနိုင်ရင်အကျိုးရှိပါတယ် ခင်ဗျားတို့ရဲ့fix deposit တွေကိုဘဏ်တွေက low risk high returns ရတဲ့ ဟာတွေကို ရင်းနှီးမြှုပ်နှံပြီး သူတို့က အမြတ်တွေအများကြီးရသွားတာပါ ဥပမာ သူက 14%ရနိုင်တဲ့နေရာမှာထားပြီး သူ ဆီ fix deposits ထားတဲ့customer ကို 3.2% ပြန်ပေးတော့ဘဏ်တွေက သူများပိုက်ဆံနဲ့ 10.08% ရသွားတာပေါ့ ဗျာဒါကြောင့်ဘဏ်တွေကအဲဒီလိုလူမျိုးတွေကိုအရမ်း welcome ပါဘဲ
3. အဓိက ကိုယ်ငွေကိုယ်ကစားတတ်ဖို့ဆိုတာအရမ်းမှန်ပါတယ် ကိုယ်မှာလုံလောက်တဲ့ financial education နဲ့ knowledge တွေရှိမယ်ဆိုရင်ပေါ့ နောက်ဆုံးတော့မိမိရဲ့ မသိမှုကြောင့် ဘယ်လောက်နစ်နာမှုတွေဖြစ်နေရတယ်ဆိုတာကိုမျှဝေပေးတာပါ။ သိသူဖော်စားမသိသူကတော့ကျော်သွားတော့ မရဘူးပေါ့ဗျာ
နောက်လက်ခံရရှိတဲ့question တခုကတော့ နိုင်ငံခြားသားတွေအတွက်ဘယ်လို process နဲ့ SRS accounts ဖွင့်ရလဲ IRA ကို income tax rebate ဘယ်လိုရပါလဲပေါ့
နိုင်ငံခြားသားတွေက ပထမဆုံး DBS, OCBC or UOB bank တခုခုမှာ SRS account ကို ဖွင့်ရပါတယ် သူက $1 နဲ့လဲစဖွင့်လိုလဲရပါတယ် ကိုယ့်မှာ DBS bank account ရှိပြီးသားဆိုရင် on line ကနေဖွင့်လို့လဲရပါတယ် ပြီးရင် မိမိရဲ့ savings account ကနေ SRS account ထဲကို transfer ပြောင်းလိုက်ရုံပါဘဲ
ဥပမာ မိမိတနှစ်ဝင်ငွေငါးသောင်းဝင်တယ်ဆိုရင် SRS account ထဲကို သုံးသောင်းထည့်လိုက်ရင် (December ကနောက်ဆုံးလပါ) အဲဒီ သုံးသောင်း က IRS မှာသွားပေါ်ပြီး အဲဒီအတွက် tax rebate ရသွားမှာပါ ကျန်တဲ့နှစ်သောင်းအတွက်ကtaxမပေးရတော့ သူအတွက် ဒီနှစ်မှာ tax လုံးဝပေးစရာမလိုတော့ပါဘူး $1250 ကိုယ်အိတ်ထဲ ကိုပြန်ရောက်လာသလိုပါ ဘဲ။
SRS account ထဲထည့်လိုက်တဲ့သုံးသောင်းကတော့ မိမိရဲ့ retirement age 65 နှစ် ရောက်ရင်ပြန်ထုတ်လို့ရပါတယ် အစိုးရက မိမိအသက်ကြီးရင် သူနိုင်ငံသားတွေလို ပိုက်ဆံစုစေချင်တာပါ ဒါပေမဲ့သူကဘဏ်ရဲ savings account အတိုးဘဲရတော့ ကိုယ်က ရင်နှီးမြှပ်နှံတာတို့ ဘာတို့မလုပ်ရင် အရမ်းနစ်နာပါတယ် ဥပမာ 14% ($4200) ရနိုင်ရဲ့သားနဲ့ မလုပ်တော့ 0.05% ($15) ဘဲရတာပေါ့ဗျာ

Important: The information and opinions in this article are for general information purposes only. They should not be relied on as professional financial advice. Readers should seek unbiased financial advice that is customised to their specific financial objectives, situations & needs. This advertisement or publication has not been reviewed by the Monetary Authority of Singapore.

Published By:

Miki Ray

With over 25 years of multinational experience, I specialize in providing expert financial consulting services tailored to individual and business needs. I hold a bachelor’s degree from the Rangoon Institute of Technology and a master’s in business from the National University of Singapore. Leveraging a strong analytical foundation, I deliver strategic insights to drive smart investment decisions and sustainable financial growth. My expertise spans portfolio management, risk assessment, and long-term financial planning. Whether navigating market complexities or optimizing financial strategies, I am committed to helping clients achieve their financial goals with confidence and a results-driven approach.

CONTACT US