စနေစကားဝိုင်း MK 30 Nov 24

ဒီနေ့စကားဝိုင်းလေးကတော့ insurance နဲ့ investment အကြောင်းလေးတွေပြောဖြစ်ကြပါတယ် ကျွန်တော်တို့အများစုကမြန်မာပြည်ကလာတဲ့အင်ဂျင်နီယာတွေများပါတယ် ဆိုတော့ financial နဲ့ insurance knowledge တွေမှာ သိပ်မသိကြပါဘူးအခုလိုဘဝမှာအရမ်းအရေးကြီးတဲ့ပညာရပ်တွေကိုကျွန်တော်တို့ရဲ့ RIT ကျောင်းတော်ကြီးမှာလဲမသင်ခဲ့ရပါဘူး
ကျွန်တော်တို့ စကားဝိုင်းထဲမှာဆယ်ယောက်လောက်ရှိတဲ့အထဲမှာကိုယ်ရဲ့ခလေးအတွက်မိမိရဲ့အသက်ကို သင်းဘောစတက်တဲ့အချိန်မှအာမခံထားရမှာသိတဲ့သူကတယောက်ဘဲတွေ့ခဲ့ပါတယ် သူလုပ်တာအရမ်းမှန်ပါတယ် သင်ဘောသားဆိုတာအန်တရယ်များတဲ့ပင်လယ်ထဲမှာအချိန်မရွေးတခုခုဖြစ်သွားနိုင်တော့ ကိုယ်တခုခုဖြစ်သွားခဲ့ရင်ကိုယ်မိသားစုဖရိုဖရဲဖြစ်မသွားအောင်ကြိုပြီးတော့အမြှော်အမြင်ရှိရှိနဲ့ကြိုကာကွယ်ထားတာပါ
အခုလိုလုပ်ခြင်းအားဖြင်အကျိုးကျေးဇူးနှစ်ခုရှိပါတယ် တခုကမိသားစုကိုအခြေမပျက်အောင်ကြိုကာကွယ်ထားတာပါ နောက်တခုကတော့ လစဉ်ပေးခဲ့တဲ့ပိုက်ဆံတွေက နှစ်ထပ်တိုးနဲ့စုဆောင်းမိပြီးနှစ်ကြာလေပိုက်ဆံတိုးတာမြန်လေပါဘဲ ဒါမှမဟုတ် ကိုယ်ဆယ်နှစ်စာပေးထားခဲ့တဲ့ပိုက်ဆံတွေကို ပင်စင်သွားလို့ထုတ်ချင်ရင်လဲရပါတယ် အဲဒီအချိန်ကျရင်ကိုယ်ခလေးတွေလဲလူလားမြောက်နေဘီမို့လို့ insurance protection လဲမလိုတော့ပါဘူး ဆိုတော့ စုမိတဲ့ပိုက်ဆံတွေထုတ်ပြီး second honeymoon ထွက်လို့ရတာပေါ့ဗျာ။ ကျွန်တော်တို့အများစုကအဲဒီ knowledge တွေမရှိကြပါဘူးဒါကြောင့်လဲအချန်မှီမသိတော့မလုပ်ခဲမိပါဘူး ကျွန်တော်ကထိပ်ဆုံးမှာပါပါတယ် ဒါကြောင့်ကိုယ်လိုနောက်လူတွေမဖြစ်ရအောင် ကိုယ်သိတဲ့အချိန်မှာ သိတာလေးတွေကိုမျှဝေပေးတာပါ။
နောက်ကောင်းတာတခုကတော့ ဘဝ အတွက် money saving ပါ များသောအားဖြင့်လက်ထဲမှာပိုက်ဆံရှိနေရင် ဟိုသုံးဒီသုံးနဲ့ကုန်တာပါဘဲဟုတ်တယ်ဟုတ်အခုလို insurance ထားလိုက်တော့ လစဉ်ပေးရတဲ့ premiums က မစုမနေရဖြစ်သွားပြီးအချိန်တန်တော့ သိန်ဂဏန်းလောက်စုမိသွားတာပေါ့ဗျာ။
တကယ်တော့ insurance က life insurance တခုထဲမဟုတ်ပါဘူး မိမိရဲ့ဘဝကိုဘယ်လိုတည်ဆောက်ချင်သလဲဆိုတာကိုလိုသလို insurance ကိုနည်းမျိုးစုံနဲ့အကောင်းဆုံးဖြစ်အောင်အသုံးချလို့ရပါတယ် အမှန်တော့ ကျွန်တော်တို့ထင်နေတာ သန်းကြွယ်သူဌေးဖြစ်ဖို့အရမ်းခက်မယ်ထင်နေတာအမှန်တော့ တလကိုသုံးလေးထောင်လောက်စုနိုင်ရင် insurance ကိုအသုံးချရင်မခက်ပါဘူး အဲဒီအသိကိုကိုယ်သိတဲ့အချိန်မှာ သိပ်နောက်ကျသွားပါတယ် အမှန်တော့ insurance ထားမယ်ဆိုရင်အသက်ငယ်တဲ့အချိန် မိမိကျန်းမာရေးကောင်းတဲ့အချိန်ပါဘဲ။
အခုပြောခဲ့တာတွေက insurance ကိုအသုံးချပြီး wealth building လုပ်တဲ့အပိုင်းပါ။
နောက်အပိုင်းကတော့ wealth protection အပိုင်းပါ စကားဝိုင်းကသိခဲ့ရတဲ့အကြောင်းက သူတို့နဲ့အလုပ်အတူလုပ်ခဲ့ တဲ့ Singaporean captain တယောက်ရဲ့အမျိုးသမီးကင်ဆာဖြစ်ပြီး ရှိတဲ့အိမ် တွေ ကားတွေနဲ့ ချမ်းသာတာတွေဆေးဖိုးနဲ့ကုန်သွားလို့သင်းဘော်ပေါ်ပြန်တက်လာတိုင်းညီးနေတယ်ဆိုတဲ့အကြောင်းလေးပါ မှန်ပါတယ် စင်ကာပူမှာ ဆေးကုရရင်အရမ်းအကုန်အကျများပါတယ် ဒါကြောင့်အခုလိုမကြုံရအောင် health တို့ critical illness insurance တွေနဲ့ မိမိရဲ့ အိမ်တို့ကားတို့ ချမ်းသာတာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ် ဒါတွေကို မိမိကျန်းမာရေးကောင်းတုန်းမှာကြိုလုပ်ရတာပါ အသက်ကြီးသွားပြီးကျန်းမာရေးမကောင်းတော့မှလုပ်လို့မရတော့ပါဘူး။ ဒီတပါတ်တော့ စာရှည်သွားပြီမို့ နောက်ရက်တွေမှဘဲ investments အပိုင်းကိုဆက်ပါရစေ အခုလိုသိသမျှလေးတွေမျှဝေပေးမှုထဲကနေ မိတ်ဆွေတို့လဲတခုခုတော့အကျိုးရှိမယ်ထင်ပါတယ်။

Important: The information and opinions in this article are for general information purposes only. They should not be relied on as professional financial advice. Readers should seek unbiased financial advice that is customised to their specific financial objectives, situations & needs. This advertisement or publication has not been reviewed by the Monetary Authority of Singapore.

Published By:

Miki Ray

With over 25 years of multinational experience, I specialize in providing expert financial consulting services tailored to individual and business needs. I hold a bachelor’s degree from the Rangoon Institute of Technology and a master’s in business from the National University of Singapore. Leveraging a strong analytical foundation, I deliver strategic insights to drive smart investment decisions and sustainable financial growth. My expertise spans portfolio management, risk assessment, and long-term financial planning. Whether navigating market complexities or optimizing financial strategies, I am committed to helping clients achieve their financial goals with confidence and a results-driven approach.

CONTACT US