စနေစကားဝိုင်း MK 7 Dec 24

ဒီတပါတ်တော့ပြီးခဲ့တဲ့အပတ်ကလက်ကျန်နဲ့ဒီတပါတ်မှာ investment အကြောင်းဆက်ဆွေးနွေးဖြစ်တာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်
ကျွန်တော်တို့မြန်မာပြည်ကလာပြီးစလုံးမှအလုပ်လာလုပ်တဲ့သူတွေအားလုံးကများသောအားဖြင့် second class citizens treatment ဘဲရတဲ့သူတွေဆိုတော့ လူပင်ပန်းသို့မဟုတ်စိတ်ပင်ပန်းပြီးမှဝင်ငွေရတဲ့အတွက်ဘယ်သူမှရေရှည်အလုပ်မလုပ်ချင်ကြဘူးဒါကြောင့်စောစောစီးစီး retirement လုပ်နိုင်ဖို့အတွက်နည်းလမ်းရှာကြပါတယ် အဲဒီမှာ ကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့ ရုံးမှာသူများတွေပြောပြောနေတဲ့ stock market မှာ stocks တွေဝယ်ပြီး ရောင်းတာ ဝယ်တယ်ဆိုတဲ့ အလုပ်နဲ့ မြတ်တဲ့သူတွေအကြောင်း တွေကြားလာတော့ ကိုယ်လဲစိတ်ဝင်စားလာပြီး သူတို့လိုလိုက်လုပ်ကြည့်တော့ stock တွေဝယ်တော့ ကွဲပါတယ် ဒါနဲ့ units trust မှာ investment လုပ်တော့လဲ နှစ်အကြာကြီးပြန်စောင့်ရပြီးရှုံးပါတယ် ဒါကြောင့် NUSက စီးပွါးရေးတက်ကသိုလ်မှာကျောင်းဆက်တက်လိုက်တော့မှအော်ဒါကဒီလိုပါလားဆိုတာသိလာတော့မှကိုယ်လိုကိုယ်မိတ်ဆွေတွေမကြုံရအောင်သိခဲ့သမျှလေးတွေကိုမျှဝေပေးတာပါ။
ပြီးခဲ့အပါတ်မှာကျွန်တော်တို့ထက်စီနီယာတယောက်ပြောပြတာကတော့လွန်ခဲ့တဲ့ငါးနှစ်ကရင်းနှီးမြှပ်နှံထားတာစာရင်းပိတ်တော့ ခြောက်ထောင်ရှုံးပါတယ်တဲ့ဗျာ တကယ်ဆိုရင် အခုလို အမေရိကန်ကရှယ်ယာစျေးကွက်မှာအမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာတော်တော်လေးကိုမြတ်သင့်ပါတယ်အနဲဆုံးတသိန်းရင်းထားရင်တောင် တနှစ် ၁၀% နဲ့ ဆိုရင်တောင်မှငါးသောင်းလောက်တော့ မြတ်သင့်ပါတယ် အခုတော့စိတ်မကောင်းစရာပါဘဲ အမှန်တော့မိမိမကျွမ်းကျင်တဲ့နေရာမှအကျိုးရှိမှန်းလဲသိတယ်လုပ်ချင်တယ်ဆိုလို့ရှိရင်တတ်ကျွမ်းနားလည်တဲ့သူ MAS မှာ တရားဝင် လိုင်စင် ရှိ တဲ့ financial advisors နဲ့တိုင်ပင်ပြီးမှအလုပ် လုပ်မယ်ဆိုရင်အခုလိုဆုံးရှုံးမှုတွေဖြစ်နိုင်ချေနည်းပါလိမ့်မယ်
ဒါနဲ့ပါတ်သက်ပြီးကျွန်တော်တို့ဒီတပါတ်မှာဆက်ဆွေးနွေးဖြစ်တာကတော့ ကျွန်တော်တို့စကားဝိုင်ကအများစုတွေကအသက်ခြောက်ဆယ်နားပါတ်ဝန်းကျင်တွေဆိုတော့ အများစုကတော့ခြောက်ဆယ်ကျော်လဲအလုပ်လုပ်နေရတုန်းပါဘဲမြန်မာပြည်မှာဆိုရင်ခြောက်ဆယ်ကျော်ရင်ပင်စင်သွားပြီဒါပေမဲ့ကိုယ့်မှာ financial knowledgeတွေမရှိခဲ့တော့ ရှေ့သို့ဆက်လုပ်ဦးပေါ့ဗျာ
အခုပြဿနာက ရင်းနှီးမြှမ်နှံမှုမလုပ်ရင်အသက်ကြီးတဲ့အထိအလုပ်လုပ်ရမယ် ရင်းနှီးမြှမ်နှံမှုလုပ်ရင်လဲ အခုလိုဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရင် အသက်ကြီးမှပြန်ရှာရမှာခက်မယ်ဆိုတဲ့ပြသနာကြားထဲရောက်နေတယ်ဆိုတော့ ဘယ်လိုအဖြေရှာမလဲ အဲဒီမှာကျွန်တော်တို့စကားဝိုင်းထဲက junior တယောက်ရဲအဖြေကတော့ US က ETF 500/1000/2000 companies တွေကိုဝယ်ပြီးရင်နှီးမြှမ်နှံမယ်ပေါ့ ဟုတ်ပါတယ် သူပြောပြတာလဲကောင်းပါတယ် ရေရှည်ဆယ်နှစ်လောက်ကိုင်ထားနိုင်ရင်ပေါ့ အဲဒီETFတွေက risk နည်းတယ် အမြတ်လဲနည်းပါတယ် companies တွေအများကြီးအပေါ်မှာအခြေခံတော့ ဒါပေမဲ့ market ရဲ့ nature အရ အတက်အကျရှိတော့မြတ်ရင်ကိုယ်စံရှုံးရင်ကိုယ်ခံ ပေါ့
အဲဒီပြသနာကိုအဖြေရှာတော့ ကျွန်တော် တို့ company ရဲ့ comparisons page မှာ အကောင်းဆုံး “0” risk financial companies နှစ်ခုကိုကျွန်တော်တွေ့ပါတယ် ပထမတခုကတော့ တသိန်းကိုရင်းနှီးရင် မိမိရင်နှီးထားတဲ့ ငွေရဲ့ 101% ကအာမခံထားပါတယ် ဆိုတော့မြတ်ရင်ကိုယ်စံရှုံးရင်ကိုယ်မခံရပါဘူး နောက်တခုကပထမတခုထက်ပိုကောင်းပါတယ်သူကmarket ကိုအမြင့်ဆုံးရောက်တဲ့အထိအာမခံထားပါတယ် ဆိုတော့ ပထမတခု 101% ထက်အများကြီးကောင်းပါတယ် နောက်အားသာချက်တခုကလဲ performance ကောင်းတဲ့ fund တွေကိုစိတ်ကြိုက်ရွေးလို့ရတော့ return လဲအများကြီးကောင်းပါတယ် တကယ်ကောင်းတဲ့ fund ဆိုရင် 10 years average return က 25 % to 38%တောင်တိုးတယ်ဆိုတော့ ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ကျွန်တော်တို့ရဲ့ senior ကြီးသာ အခုလိုထားခဲ့မယ်ဆိုရင် ငွေတသိန်းကို ငါးနှစ်အကြာမှာ 25%နဲ့တွက်ရင်တောင် သူ $125,000 အမြတ်ရမှာပါ အခုတော့ မမြတ်တဲ့အပြင် အရင်းထဲကပါသွားတာစိတ်မကောင်းစရာပါ ပြီးတော့အခုလိုထားခြင်းအားဖြင့် ကိုယ်လဲဘာမှလုပ်စရာမလိုပါဘူးအချိန်တန်ပိုက်ဆံပွါးတာထိုင်ထုတ်ရုံပါဘဲ
စကားဝိုင်းကသိရတာက အခု fix deposit က UOB bank မှာ ခြောက်လအထားခံတယ် အတိုးနှုံးက 3.1% ရပါတယ်တဲ့ ဆိုရင် ငါးနှစ်လဲဘဏ်ပေးမထားပါဘူး ဘာဖြစ်လို့လဲဆိုတော့ ရှေ့ကို inflation ကဆက်ကျ မှာမိုလို့ပါ အဲဒီတော့ 3.1% နဲ့ငါးနှစ် အထားခံတယ်ဆိုပါတော့ ကဲကိုယ်ဘယ်လောက်ရမလဲ ဆိုရင် 3.1 x 5‎ = 15.5 ဆိုတော့ တသိန်းထားရင် $15,500ဘဲရမယ်ဆိုတော့ တသိန်းကျော်ကွဟချက်ရှိနေပါတယ်ဒါကြောင့် ဘဏ်တွေကိုလုပ်ကျွေးမဲ့အစားကျွန်တော်အထက်ကပြောပြခဲ့တဲ့ “0”risk fund မှာထားခြင်းအားဖြင့် တသိန်းကျော်ငါးနှစ်မှာတိုးလာနိုင်ပါတယ်ဆိုတာမျှဝေပေးတာပါ မိတ်ဆွေတို့လဲမှန်ကန်တဲ့ဆုံးဖြတ်ချက်လေးတွေချနိုင်ပြီးတော့ earlier retirement လုပ်နိုင်ပါစေဗျာ။
ကျွန်တော်လဲ Huston မှာ 2012 မှာ အလုပ်လုပ်ခဲ့တုန်းကရင်နှီးမြှမ်နှံမှုကိုလုပ်ခဲ့ပြီးရလာတဲ့အမြတ်တွေရယ်စုမိတာတွေနဲ့မြန်မာပြည်ကိုတလတခါပြန်ပြီးသစ်ပင်တွေစိုက်ခဲ့တာခြောက်နှစ်ကြာခဲ့ပါတယ် ကိုဗစ်နဲ့မအလနဲ့ကြုံလို့သစ်ပင်တွေဆက်မစိုက်ဖြစ်ပါဘူးနိုင်ငံရေးတည်ငြိမ်လာတော့မှဆက်လုပ်ရမှာပါ မိတ်ဆွေတို့လဲကုသိုလ်လိုချင်ရင် တတ်နိုင်သလောက်ဝင်စိုက်လို့ရပါတယ် စိတ်မဆိုးပါဘူး နောက်ဆုံးတော့လဲ ကိုယ်လုပ်မှကိုယ်ရတာပါဘဲ။

Important: The information and opinions in this article are for general information purposes only. They should not be relied on as professional financial advice. Readers should seek unbiased financial advice that is customised to their specific financial objectives, situations & needs. This advertisement or publication has not been reviewed by the Monetary Authority of Singapore.

Published By:

Miki Ray

With over 25 years of multinational experience, I specialize in providing expert financial consulting services tailored to individual and business needs. I hold a bachelor’s degree from the Rangoon Institute of Technology and a master’s in business from the National University of Singapore. Leveraging a strong analytical foundation, I deliver strategic insights to drive smart investment decisions and sustainable financial growth. My expertise spans portfolio management, risk assessment, and long-term financial planning. Whether navigating market complexities or optimizing financial strategies, I am committed to helping clients achieve their financial goals with confidence and a results-driven approach.

CONTACT US