စနေစကားဝိုင်း MK 11 Jan 25

ကျွန်တော်လဲ holiday သွားတာနဲနဲကြာသွားလို့စကားဝိုင်းကိုမရောက်ဖြစ်လို့နဲနဲအဆက်ပြတ်သွားတာနဲ့ဒီတပါတ်မှပြန်တင်ဖြစ်တယ် ဒီတပါတ်မှာတော့ စကားဝိုင်းမှာ CPF housing loan နဲ့ ကိုယ်ကအသက်ကြီးပြီဆိုတော့ ကျန်ခဲ့မဲ့သူတွေကိုအမွေတွေညီတူညီမျှဘယ်လိုခွဲပေးမလဲ ဆိုတာတွေပြောဖြစ်ပါတယ်
စကားဝိုင်းမှာသူငယ်ချင်းတယောက်က cpf housing load ထဲကပိုက်ဆံကို ordinary account ထဲကိုပြောင်းလို့ရပါတယ်လို့ပြောတော့ကျွန်တော်တို့လဲမျက်စိလည်သွားပါတယ် အမှန်တော့ ကျွန်တော်တို့နားလည်မှုလွဲသွားတယ်ထင်ပါတယ် cpf ordinary account ထဲကပိုက်ဆံကို housing loan ထဲကိုပြောင်းထည့်ပေးလို့ရပါတယ် ဆိုလိုရင်းကတော့ အိမ်အတွက် cpf ထဲကချေးထားတဲ့ပိုက်ဆံတွေကိုပြန်ဆပ်ရတာပါ မိမိအိမ်ကိုရောင်းတဲ့အခါ cpf ထဲကအိမ်အတွက်ချေးသုံးထားတဲ့ပိုက်ဆံကိုပြန်ဆပ်ရပါတယ် အဲဒီလိုပြန်ဆပ်တဲ့အခါမှာလဲ ယူသုံးထားတဲ့အရင်းတင်မက အတိုး လဲပြန်ဆပ်ရမှာပါ
မိမိယူသုံးတာကြာရင်ကြာသလောက်အတိုးတက်ပါတယ်ဆိုတော့ ဒီနေရာမှာအရေးကြီးတဲ့ အချက်တခုရှိပါတယ် တချိုတွေကမသိတော့သူတို့အတွက်အများကြီးနစ်နာပါတယ် သူတို့ဘဏ် saving account မှာထားရင် အတိုးက 0.05% ဘဲရပြီးတော့ cpf home loan ကတော့ 2.6% ပေးနေရတော့ ပိုက်ဆံတသိန်း ကို cpf ကချေးပြီး မိမိရဲ့ပိုက်ဆံကို ပြန်မဆပ်ဘဲဘဏ်မှာထားရင် တနှစ်ကို $2100 နစ်နာသွားမှာပါ အခုလိုဖြစ်နေတာကို သင်းဘောတက်နေတဲ့ chief engineer သူငယ်ချင်းတယောက်လုပ်နေတာတွေ့လို့ ပြောပြလိုက်လို့ သူလဲထောင်ကျော်သက်သာသွားပါတယ် များသောအားဖြင့်ကျွန်တော်တို့တွေက cpf ကပိုက်ဆံအသေလို့ယူဆကြတဲ့အတွက်ပိုက်ဆံပြန်မထည့်ချင်ကြပါဘူး
ဒါပေမဲ့ မိမိအတွက်ပိုပြီးအကျိုးရှိတဲ့ အတိုးပိုရတဲ့လုပ်ငန်း သို့မဟုတ် ရင်နှီးမြှပ်နှံမှုတွေက 10% လောက်ရမယ်ဆိုရင်တော့ ပြန်မသွင်းသင့်ပါဘူးဒီပိုက်ဆံတသိန်းကိုသာ 10% ရမယ်ဆိုရင် မိမိအတွက်တနှစ်ကို $7400 အတိုးပေးပြီးကျန်မှာပါ အင်းဒီတော့ တသိန်းရင်းလို့တဆယ်ပြန်ဝင်တဲ့အလုပ်တွေရှိပါလားဆိုရင် အဖြေကရှိပါတယ် အမှန်တော့ဒီထက်မကပြန်ဝင်တဲ့ရင်နှီးမြှပ်နှံမှုတွေလုပ်လို့ရပါတယ် လောကကြီးကတော့သိသူဖေါ်စားမသိသူကျော်သွားပါဘဲ ဒါကြောင့်ဆိုရိုးစကားတခုရှိပါတယ် knowledge is power ပါဘဲ
ကျွန်တော်တွေ့ထားတဲ့ fund နှစ်ခုကတော့ တော်တော်လေးကောင်းပါတယ် 10 years historical returns က 25% အထက်မှာရှိပါတယ် ဆိုတော့ ပိုက်ဆံတသိန်းကိုရင်းလိုက်ရင် ပျမ်းမျှတနှစ်ကို $ 22,400ပြန်ရနိုင်ပါတယ် risk ကလဲနည်းပါတယ် သိချင်ရင်တော့ $500 ကတော့ consultation charge ပါ အခုလို financial advice လုပ်နိုင်ဖို့အတွက် MAS ကလိုင်စင်ယူထားရပါတယ်ဆရာဝန်တွေလို ဆမ ရှိမှဆေးကုလို့ရသလိုပေါ့ ဒါကြောင့် ဘာမှမသိတော့ဘာမှမလုပ် ဘာမှမလုပ်တော့ဘာမှမရ နောက်ဆုံးတော့ အလုပ်သမားဘဝနဲ့ဘဲအများစုကတော့ပင်စင်သွားရတဲ့သူတွေကအများစုပါဘဲတချိုတွေဆိုရင်အသက်65နှစ်ကျော်တာတောင်အလုပ်သမားလုပ်နေရတုန်းပါဘဲ စိတ်မကောင်းစရာပါဘဲ “ မသိတော့ မရှိတဲ့ “ ဆိုတော့သေတဲ့အထိလုပ်ပေဦးတော့ ဗျာ
နောက်တခုကတော့ ကျွန်တော်တို့လဲအသက်တွေကကြီးပြီဆိုတော့မိမိရဲ့ငွေ,အိမ်နဲ့ပစ်စည်းတွေကိုကျန်ခဲ့မဲ့သူတွေအတွက်ဘယ်လိုပြဿနာမဖြစ်အောင်စီစဉ်ခဲ့မလဲဆိုတာလဲအရေးကြီးပါတယ်နိုမို့ဆိုရင်အဝေမတဲ့ခဲ့ရင်ကိုယ်ပင်ပင်ပန်းပန်းနဲ့ရှာခဲ့ရသမျှရှေ့နေနဲ့တရားရုံးစားသွားမှာဖြစ်ပါတယ်ဒါကြောင့်စလုံးမှာချမ်းသာတဲ့သူတွေဘယ်လိုလုပ်သလဲဆိုတာသိသလောက်မျှဝေပေးတာပါ
သူဌေးတယောက်က သန်းနှစ်ဆယ်ချမ်းသာပြီးသားသုံးယောက်ရှိတယ်ဆိုပါဆို့သူမှာအိမ်ရှိမယ် company ရှိမယ် ငွေသားရှိမယ် ဒါတွေအားလုံးသန်းနှစ်ဆယ်ဆိုရင် သားသုံးယောက်အတွက်ညီတူညီမျှခွဲပေးဖို့ကပြဿနာဖြစ်ပြီပေါ့ ကဲဒီတော့ဘယ်လိုလုပ်မလဲ
အဖြေကလုပ်တတ်ရင်သိပ်မခက်ပါဘူး ပထမသားကို company နဲ့ ငွေသား ဆယ်သန်း နဲ့ ဒုတိယသားကို အိမ်နဲ့ ငွေသား ဆယ်သန်း နဲ့ တတိယသားကျတော့ ပေးစရာမရှိတော့ သူကိုလဲဆယ်သန်းပေးရမယ်ဆိုတော့ သူလဲတရက်တော့သေရမှာဘဲဆိုတော့ life insurance ဆယ်သန်းထားပြီးတော့ တတိယသားကို nominated လုပ်ခဲ့တော့ သားတွေအားလုံးလဲညီတူညီမျှအမွေတွေရတော့ပြဿမဖြစ်တော့ဘူးပေါ့ဗျာ life insurance ကကိုယ်ပေးတာထက်ကိုယ်ပိုရတာများပါတယ်ဆိုတော့ သူအတွက်တော့တချက်ခုတ်နှစ်ချက်ပျက်အသုံးချလို့အားလုံးအဆင်ပြေသွားတာပေါ့ဗျာ ကဲသူငယ်ချင်းတို့ရော အခုမျှဝေပေးတဲ့အကြောင်းအရာလေးတွေထဲကနေမိမိအတွက်အကျိုးရှိအောင်လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်

Important: The information and opinions in this article are for general information purposes only. They should not be relied on as professional financial advice. Readers should seek unbiased financial advice that is customised to their specific financial objectives, situations & needs. This advertisement or publication has not been reviewed by the Monetary Authority of Singapore.

Published By:

Miki Ray

With over 25 years of multinational experience, I specialize in providing expert financial consulting services tailored to individual and business needs. I hold a bachelor’s degree from the Rangoon Institute of Technology and a master’s in business from the National University of Singapore. Leveraging a strong analytical foundation, I deliver strategic insights to drive smart investment decisions and sustainable financial growth. My expertise spans portfolio management, risk assessment, and long-term financial planning. Whether navigating market complexities or optimizing financial strategies, I am committed to helping clients achieve their financial goals with confidence and a results-driven approach.

CONTACT US