သူတောင်းစားမရှိတဲ့တိုင်းပြည် MK 3 May 2025

ဒီနေ့တော့ Singapore အစိုးရကသူနိုင်ငံသားတွေကို insurance ကိုအသုံးချပြီး ဘယ်လိုကာကွယ်ထားသလဲ သူတောင်းစားမရှိတဲ့တိုင်းပြည် ဖြစ်အောင် ဘယ်လိုလုပ်ထားသလဲဆိုတာကိုသိသလောက်မျှဝေပေးချင်ပါတယ်

ပထမဦးဆုံး ကတော့ အရွယ်ရောက်ပြီးအလုပ်လုပ်နေတဲ့လူတယောက်ကို dependent insurance ကိုအစိုးရကဝယ်ထားပေးပါတယ် ပြီးရင် insurance premiums ကိုကျွန်တော်တို့ CPF စုငွေထဲက ဖြတ်ပါတယ်သူရဲ့ရည်ရွယ်ချက်ကတော့ မိမိအ ကြောင်းကြောင်းကြောင့်သေဆုံးသွားခဲရင် ကျန်ရစ်သူမိသားစုတွေဝန်မပိဖို့ ပရမ်းပတာမဖြစ်ဖို့ပါဘဲ insurance ထားတဲ့သူဆုံးသွားခဲ့ရင် အသက်55 နှစ်မတိုင်ခင်ဆိုရင် $75,000ရပြီး 65နှစ်မတိုင်ခင်ဆိုရင် $55,000 ရပါတယ် သူက 65နှစ်ကျော်သွားရင်တော့ ရပ်သွားပါပြီ ဘာကြောင့်လဲဆိုတော့ မိမိကိုမှီခိုနေတဲ့သားသမီးတွေလဲအရွယ်ရောက်ပြီဆိုတော့မလိုတော့ပါဘူး

အလုပ်လုပ်နေတဲ့သူတွေဟာ accident တခုခုနဲ့ဘဝမှာကြုံနိုင်ပြီး မိမိမမျှော်လင့်တာတွေဘဝမှာဖြစ်လာနိုင်ပါတယ် များသောအားဖြင့်ဘယ်သူမှတော့ဖြစ်မယ်လို့လဲထင်မထားဘူး ဒါပေမဲ့ဖြစ်နေတဲ့ accident တွေလဲအများကြီးပါဘဲ ကျွန်တော်တို့လိုအင်ဂျင်နီယာတွေကပိုပြီးလိုအပ်ပါတယ် ဘာကြောင့်လဲဆိုတော့စက်ရုံအလုပ်ရုံတွေမှ အချိန်မရွေး accident တွေဖြစ်တတ်ပါတယ် ဒီအပြင်မိမိရဲ့ကျန်းမာရေးကြောင့် လေဖြတ်ပြီးလူတယောက်ပုံမှန် အလုပ်ခြောက်ခုထဲက သုံးခုကို မလုပ်ဆောင်နိုင်ခဲ့ရင် ဥပမာ မိမိကိုယ်တိုင် ရေမချိုး နိုင် မရွေ့ရှားနိုင် အဝတ်အစားမဝတ်နိုင်ဘူးဆိုရင်တော့ အဲဒီအတွက်လဲအစိုးရက care shield insurance ဝယ်ထားပြီး တလကို $600 လစဉ်ပေးပါတယ်

လူတွေကနေစဉ်ဘဝမှာ ကျန်းမာရေးကလဲအရေးကြီးပါတယ်ပြီးတော့ကျန်းမာရေးကစင်ကာပူမှာတော်တော်လေးစျေးကြီးပါတယ် ဒါကြောင့်ဒီမှာ “ရေရှည်နေမကောင်းဖြစ်လို့မရဘူး ဒါပေမဲ့သေလို့ရတယ် “ ဆိုလိုတာက ဆေးရုံဆေးဖိုးစျေးကြီးတော့ ရေရှည်နေမကောင်းဖြစ်ခဲ့ရင်ငွေကုန်များလွန်းလို့ မြန်မြန်သေတာကမှ အကုန်သက်တာလို့ပါ ဆိုတော့ အစိုးရက သူနိုင်ငံသားတွေအတွက် Medishield insurance ထားရပါတယ် မိမိတခုခုဖြစ်ပြီးဆေးရုံတက်ရတယ်ဆိုရင် တနှစ်ကို $200,000 အထိပြန် တောင်းလို့ရပါတယ် ဆိုတော့ ကျန်းမာရေးအတွက်သိပ်စိတ်ပူစရာမလိုပါဘူး

နောက်ဆုံးတခုကတော့ အသက်55 နှစ်ပြည့်ရင် အသက် 65နှစ်ရောက်တဲ့အခါလစဉ်ဝင်ငွေရအောင် ထားရတဲ့ retirement insurance ပါ သူကတော့ နိုင်ငံသားတွေစုထားတဲ့CPF စုဆောင်းငွေထဲက ဒီနှစ်ဆိုရင်နှစ်သိန်းလောက်ကို ဖြတ်ယူပြီး annuity insurance ဝယ်ထားပေးပြီးတော့ အသက် 65 နှစ် ရောက်တဲ့အခါမှာ တလကို ခန့်မှန်း ခြေ $1500ကျော်လောက်ပြန်ပေးပါတယ် သေတဲ့အထိဆိုပါတော့ အမှန်တော့ မိမိပေးထားတဲ့ပိုက်ဆံနှစ်သိန်းကို ဆယ်နှစ် investment လုပ်ပြီးတော့ တိုးရင်ပေါင်း 280,000 လောက်ကို တလ $1500 လောက်ပြန်ပေးတော့အမှန်ဆိုရင် အသက် 80 လောက်ဆိုရင်ကုန်သွားပါပြီ ဟိုးအရင်လူတွေဆိုရင် အဲဒီလောက်ဘဲရကြပါတယ် နောက်ပိုင်းလူသက်တမ်းတွေရှည်လာတော့ အစိုးရက သေတဲ့အထိပေးဖို့စီစဉ်ပေးတာပါ အသက်ရှည်တဲ့သူတွေများလာလို့သူတိုအရှုံးပေါ်လာရင် ပိုက်ဆံတွေပိုထည့်ဖိုလိုလာပါလိမ့်မယ် ဒါပေမဲ့အငြိမ်းစားသွားတဲ့သူတွေကပုံမှန်ဝင်ငွေတွေရှိနေတော့ အသက်ဘယ်လောက်ရှည်ရှည် ဘာမှပူစရာမလိုတော့ သူတောင်းစားကင်းတဲ့နိုင်ငံတခုအနေနဲ့နိုင်ငံတကာအလယ်မှာဝင့်ကြွားနိုင်တာပေါ့ဗျာ

ကဲဒီတော့ခင်ဗျားတို့လဲ စင်ကာပူအစိုးရကသူနိုင်ငံသားတွေဘဝ ကို insurance အမျိုးမျိုးကိုအသုံးချပြီးအသက်ကြီးတဲ့အချိန်မှာ မဆင်းရဲ ရအောင် ဘယ်လိုကာကွယ်ပေးထား သလဲဆိုတာကိုဗဟုသုတယူပြီးမိမိရဲ့ဘဝကိုဘယ်လိုကောင်းအောင်ကြိုတင်ပြီးတော့ စီစဉ်မလဲ ဒါမှမိမိအသက်ကြီးရင် မိမိရဲ့ဘဝကိုအေးအေးချမ်းချမ်းတရားအားထုတ်ပြီးကုန်ဆုံးသွားနိုင်မှာပါ အခုပြောပြသွားတာတွေကအကြမ်းဖျင်းပါ စာရှည်သွားမှာစိုးလို့ပါ အသေးစိတ်ပိုသိချင်ရင်တော့ တတ်နိုင်သလောက်တော့ ကူညီပေးမှာပါ insurance လောကကရှုပ်ပါတယ် insurance ဝယ်ချင်ရင် အနဲဆုံး insurance companies သုံးခုလောက်ကိုစုံစမ်းပြီးမှ မိမိအတွက်အကောင်းဆုံးကိုရွေးချယ်သင့်ပါတယ်။ ကျွန်တော်ကူညီနိုင်တာကတော့ insurance companies အများကြီးထဲကအကောင်းဆုံးသုံးခုလောက်ကိုရှာပေးလို့ရပါတယ် အဲဒီထဲကမှအကောင်းဆုံတခုကိုမိမိဖာသာရွေးနိုင်ပါတယ် ဆိုတော့ အကောင်းထဲကအကောင်းဆုံးကိုရနိုင်မှာပါ။

 

Important: The information and opinions in this article are for general information purposes only. They should not be relied on as professional financial advice. Readers should seek unbiased financial advice that is customised to their specific financial objectives, situations & needs. This advertisement or publication has not been reviewed by the Monetary Authority of Singapore.

Published By:

Miki Ray

With over 25 years of multinational experience, I specialize in providing expert financial consulting services tailored to individual and business needs. I hold a bachelor’s degree from the Rangoon Institute of Technology and a master’s in business from the National University of Singapore. Leveraging a strong analytical foundation, I deliver strategic insights to drive smart investment decisions and sustainable financial growth. My expertise spans portfolio management, risk assessment, and long-term financial planning. Whether navigating market complexities or optimizing financial strategies, I am committed to helping clients achieve their financial goals with confidence and a results-driven approach.

CONTACT US